1. No Orphanage Visit and School
ကနူးလမ်းကြောင်းမှာ ကျောင်းများသို့ တက်ရောက်လည်ခြင်း ခွင့်မပြုပါဘူး။ ကျောင်းမူကြိုနားမှ ဖြတ်သန်းသွားမည်ဖြစ်သော်လည်း ကျောင်းမူကြိုများ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကနူးရပ်တန့်၍ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းခွင့်မပြုပါဘူး။ မိမိတို့ ကနူးခရီးစဉ်များတွင် ပုံမှန် ဖြတ်သန်းသွားလာမည်သာဖြစ်ပါတယ်။
2. Equal Gift to All Children
ရွာအတွင်း ကလေးများအား လက်ဆောင်ပေးရန်ရှိပါက တွေ့မြင်ရသည့် ကလေးအဖွဲ့က ကလေးအားလုံးကို လက်ဆောင်ပေးရန် လက်ဆောင်လုံလောက်စွာရှိမှသာ လက်ဆောင် ပေးစေလိုပါတယ်။ လက်ဆောင်တစ်ခုပဲရှိက ကလေးတစ်ယောက်ထဲ တွေ့မှသာ ပေးခြင်းဖြင့် အခြားကလေးများ စိတ်ထိခိုက်မှု မရှိရန် ဂရုစိုက်စေလိုပါတယ်။ မူကြိုတွင်ပေးရန်ရှိပါက ဆရာမများကို မေးမြန်း၍ ခွင့်ပြုမှသာပေးစေလိုပါတယ်။
3. No Floating Garden Visits
Inle Canoe Lady ကနူးခရီးစဉ်များဟာ ရွာကို အေးဆေးစွာလည်ပတ်ရန်ဖြစ်ပါတယ်။ ရေခြံများသို့ အထူးခရီးစဉ်များရှိ၍ လိုအပ်မှသာ လိုက်ပါပို့ဆောင်ပေးပါသည်။ ပုံမှန်အားဖြင့် ပို့ဆောင်ပေးခြင်းမရှိပါ။ Do No Harm Principle အရ ရေခြံများသို့ လိုက်ပါပို့ဆောင်ပေးသည့် ဒေသခံ ရိုးရိုးကနူးများ၏ စျေးကွက် အားသာချက်ကို မျှဝေခံစားစိတ်နဲ့ တမင်ချန်လှပ်ထားခြင်း ဖြစ်ပါတယ်။ ရေခြံများသို့ သီးသန့်လည်ချင်သူများ ဒေသခံရိုးရိုးကနူးများအား အားပေးစေလိုပါတယ်။
4. No Alcoholic Beverage
ပျားရည်ဆမ်းခရီးစဉ်များနှင့် အထိမ်းအမှတ် အမှတ်တရ ခရီးစဉ်များအတွက် ဝိုင် အသုံးပြုခြင်းမှ လွဲလို့ အခြား Alcoholic Beverage များ အသုံးမပြုစေချင်ပါ။ ဒေသခံကျေးရွာအတွင်း တည်ငြိမ်သည့် ပျော်ရွှင်စရာများသာရှိစေလို၍ မလိုလားအပ်သည့် အထင်လွဲမှားမှုမရှိစေရန်နှင့် ဧည့်သည်များအတွက် လုံခြုံစိတ်ချသည့် ခရီးစဉ်များ ဖြစ်စေလို၍ဖြစ်ပါသည်။
5. Rotation System for Canoe Rower, No Personal Calling (Inclusive Tourism Principle)
Inle Canoe Lady မှာ Inclusive Tourism ကိုအခြေခံ၍ အားလုံးပါဝင်မူရှိတဲ့ ခရီးသွား လုပ်ငန်းအဖြစ် ပုံဖော်ထားပါ၍ ကနူးလှော်သူများအား ရွေးချယ်ခေါ်ယူခြင်းမပြုပါ။ ဆေးလိပ်ခုံ အမျိုးသမီး အားလုံးအား အလှည့်ကျပုံစံဖြင့် အားလုံးမျှဝေ အလုပ်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ အဖွဲ့များရှိပါက ဆေးလိပ်ခုံ အမျိုးသမီးများအပြင်၊ ရွာမှအမျိုးသမီးများပါ အချိန်ပိုင်းအလုပ်အဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။
6. No Plastic Straws at Inle Canoe Lady
လာမည့်တိုးရာသီမှစပြီး Inle Canoe Lady က အအေးများသောက်ရန်သုံးသည့် ပလပ်စတစ် ပိုက်များ သုံးတော့မှာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသည့် စက္ကူပိုက်နှင့် ဂျုံရိုးနှင့်ပြုလုပ်ထားသောပိုက်များကိုသာ Zero Plastic မှ မှာယူအသုံးပြုသွားမှာဖြစ်ပါတယ်။ မှို မတက်နိုင်ရန် စနစ်တကျ ထိန်းသိိမ်းအသုံးပြုမှာဖြစ်ပြီး အထုတ်အသစ်များမှသာ အသုံးပြုုသွားမှာပါ။ တာဝန်သိခရီးသွားလုပ်ငန်းဖြစ်သဖြင့် ယခုကဲ့သို့ပြောင်းလဲအသုံးပြုမှု အပေါ် ခရီးသွားလုပ်ငန်းမိတ်ဆွေများ နားလည်ပေးနိင်မည်ဟုယုံကြည်မိပါသည်။ Inle Canoe Lady ၏ Responsible Tourism Politics များတွင်လည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။
7. Just Women Empowerment, Not by Force Empowerment
Inle Canoe Lady မှာ ကနူးလှော်သူများဟာ ဆေးလိပ်ခုံ အမျိုးသမီးများမို့ ခြေဖြင့်လှော်၍ service ပေးခိုင်းခြင်းခွင့်မပြုပါဘူး။ အချို့အမျိုးသမီးများ ကိုယ်ပိုင် ဆန္ဒအရ လှော်ခြင်းသာ ခွင့်ပြုပါတယ်။ ဇွတ် လှော်ခိုင်းဖြင့် အမျိုးသမီးများ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း၊ ရှက်တတ်ခြင်းကြောင့် လက်လှော်ကနူးအဖြစ်သာ service ပေးပါတယ်။ ဒေသခံ ခြေလှော် ရိုးရိုးကနူးများကို စျေးကွက် မျှဝေပေးလို၍လည်း ဖြစ်ပါတယ်။
လာရောက်အားပေးသော ခရီးသွားမိတ်ဆွေ အားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။
မျိုးမင်းဇော်
Founder of Inle Canoe Lady (Boutique Canoe Service)